Myanmar Map Kanote Scarf

Myanmarkanotescarft

ပ၀ါ ဆိုတာ အရမ်းအသုံးဝင်တဲ့အရာတစ်ခုပါ… အလှအပအတွက်ပဲဖြစ်ဖြစ်၊ နေပူဒဏ် လေတိုက်ဒဏ် ကနေ ကာကွယ်ဖို့ပဲဖြစ်ဖြစ်၊ ဖုန်တွေသဲတွေကို တားဆီးဖို့ပဲဖြစ်ဖြစ်၊ ဓာတ်ပုံရိုက်ရင် စတိုင်ကျနေဖို့ပဲဖြစ်ဖြစ် တော်တော်လေး အသုံးဝင်ပါတယ်… အမျိုးသမီးတွေအတွက်ဆိုရင် ပြီးပြည့်စုံတဲ့ အလှတရားကိုလည်း ဖန်ဆင်းပေးပါသေးတယ်… ဘာလို့လဲဆိုတော့ သာမန်အမျိုးသမီးတစ်ဦးနဲ့ယှဉ်ရင် ပ၀ါလေးနဲ့ နွဲ့နွဲ့နှောင်းနှောင်းလှပနေတဲ့ အမျိုးသမီးလေးဟာ အမျိုးသားတွေကို ပိုရင်ခုန်စေလို့ပါပဲ…

VK WEAR က ထုတ်လုပ်လိုက်တဲ့ ပ၀ါက ဒီဇိုင်းပိုင်းမှာလည်း ထူးခြားနေပါတယ်… မြန်မာနိုင်ငံမြေပုံကိုမှ ကနုတ်နဲ့ အနုစိတ်ရေးဆွဲထားတဲ့ ကိုငြိမ်းရဲ့ ဒီဇိုင်း ဖြစ်နေလို့ပါပဲ… ဒါကတော့ မြန်မာနိုင်ငံသားတွေအနေနဲ့ ဂုဏ်ယူစွာ ဆင်ယင်နိုင်စေဖို့ဆိုတဲ့ VK WEAR ရဲ့ စေတနာပါ… ဒီလိုမျိုး မြန်မာပြည်မြေပုံကိုမှ မြန်မာ့ကနုတ်ဒီဇိုင်းနဲ့ ထွက်ရှိလာတဲ့ VK ရဲ့ ပြည်တွင်းဖြစ် အရည်အသွေးကောင်း ပ၀ါလေးကို မြန်မာလူမျိုးတစ်ဦးအနေနဲ့ တန်ဖိုးထားပြီး ဂုဏ်ယူစွာ ၀ယ်ယူအားပေးနိုင်ပါတယ်…

ပ၀ါဆိုဒ်က (၆၃ လက်မ × ၂၆.၅ လက်မ) ရှိတဲ့အတွက် လက်ဆောင်အဖြစ် ပေးမယ်ဆိုရင်လည်း တင့်တယ်ပါတယ်… ကိုယ်တိုင်ပဲ သုံးသုံး၊ ချစ်သူခင်သူတွေကို လက်ဆောင်အနေနဲ့ပဲ ပေးပေး စိတ်တိုင်းကျ မျက်နှာပန်းလှစေမယ့် VK WEAR ရဲ့ Scarf လေးပဲ ဖြစ်ပါတယ်…။

Price : 40000 MMK

Leave a Reply

Your email address will not be published. Required fields are marked *